အမျိုးသမီးတစ်ယောက်သည် အော်ဟစ်အကူအညီတောင်းနေ၏
လုပ်ကြပါဦးရှင်၊ ကျမကလေးပါးစပ်ထဲ ပိုက်ဆံဝင်သွားပြီးတစ်နေလို့ပါ။
ထိုအခါ လူတစ်ယောက်က ကူညီပြီးထုတ်ယူပေးခဲ့ပါတယ်၊
အလွယ်တစ်ကူပဲ ထုတ်ယူနိုင်ခဲ့လို့ အမျိုးသမီးက ကျေးဇူးတင်စကားဆိုပါတယ်။
တော်ပါသေးရဲ့ရှင်၊ အခုလိုအလွယ်တကူနဲ့ထုတ်နိုင်လိုက်လို့၊
နို့မို့ရင်တော့ဒုက္ခပါဘဲ၊ ဒါနဲ့ ဒီကအကိုကဆရာဝန်လားဟင်
မဟုတ်ပါဘူးဗျာ၊ ကျွန်တော်ကအခွန်ရုံးက၀န်ထမ်းပါ--ဟူသတတ်။
No comments:
Post a Comment