Thursday, December 6, 2012
ပြောတာကိုနားထောင်မှပေါ့
စကားထစ်သူတစ်ဦးသည် ရေခဲသေတ္တာအသစ်တစ်လုံးဝယ်လာခဲ့သည်။
ဆိုင်ဝန်ထမ်းက ရေခဲသေတ္တာကို ငါးထပ်တိုက်ပေါ်ထိထမ်းပို့ပေးလေသည်။
လှေခါးတစ်လျှောက်ထမ်းတက်စဉ် စကားထစ်သူက တစ်ခုခုပြောရန်ကြိုးစားသည်။
အလုပ်သမားကနားမထောင်ပဲ ပြန်ပြောသည်။
အပေါ်ရောက်မှ ပြောဗျာ။
အပေါ်ဆုံးထပ်သို့ရောက်လာသည်။
ကိုင်း ဘာပြောချင်လို့လဲ၊ပြော…
ကျွန်တော်တို့တို့ ၀င်ဝင်ပေါက်ပေါက်မှားမှားပြီး တက်..တက်..လာ..လာ..
အလုပ်သမားသည် စိတ်ဆိုးမာန်ဆိုးဖြင့် လာလမ်းအတိုင်းထမ်း၍ပြန်ဆင်းရသည်။
အဆင်းတွင် စကားထစ်သူက စကားပြောရန်ကြိုးစားပြန်သည်၊
သို့သော် အောက်ဆုံးထပ်အ၀င်ပေါက်သို့သာ ရောက်လာသည်၊ စကားမပြီးလိုက်၊
ဒီတစ်ခါ ဘာပြောဦးမလို့လဲ ကဲပြော။
ကျွန်..ကျွန်.တော်…တော်.. ခု..ခု..န..န..တုန်း..တုန်..က
ခင်…ခင်..ဗျားကို ကျီ…ကျီ…စား..စား..တာပါ လို့လို့ ပြော..ပြော..မ…မ..လို့…လို့…ပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment