Thursday, December 6, 2012
မောင်စံရွှင်အမြည်းကွဲ့
ရှေးအခါက မြို့ပိုင်ကြီးတစ်ဦးသည် သူ၏တပည့်ပျာတာလုပ်သူမောင်စံရွှင်ကို ခရီးထွက်တိုင်း ခေါ်သွားလေ၏ ကျေးရွာများသို့ရောက်လျှင် သူကြီးများက ထုံးစံအတိုင်း မြို့ပိုင်ကြီးကို ဧည့်ခံကြရလေရာ မောင်စံရွှင်နှင့်အတူစားသောက်ကြရ၏ အရက်ဝိုင်းတွင်
မောင်စံရွှင်က အမြည်းကိုလှိမ့်စားလေရာ မြို့ပိုင်ကြီးက မောင်စံရွှင် အမြည်းကွဲ့ ဟုသတိပေးသောအခါ
သူက ဟုတ်ကဲ့မြို့ပိုင်ကြီးစားပါတယ်၊ ဟု ပြန်ပြောလေရာ
မြို့ပိုင်က ဟဲ့မအေ... အမြည်းကို အမြည်းလိုစားဖို့မင်းကိုသတိပေးနေတာ
ငတ်သလောက်စားနေလို့သတိပေးနေတာ ဟု ပြောသည်ကို ကြားဖူးပါသည်။
ဘုတလင်မြို့တွင် တာဝန်ကျခဲ့သော ဒေါက်တာတင့်ခိုင်သည် ဆေးကျောင်းသားဘဝ
ကျရာဒေသများသို့ ကွင်းဆင်းရာ မြင်းမူမြို့အနီးအလ္လကပရွာတွင်ကွင်းဆင်းခဲ့ရသည်ဆို၏
ထိုရွာအတွင်း လှည့်လည်သွားရောက်လုပ်ကိုင်ရာ အိမ်တစ်အိမ်အရောက် အိမ်ရှင်အဖွား
ကြီးက လက်ဘက်သုတ်ဖြင့်ဧည့်ခံလေ၏ လက်ဘက်အလွန်ကြိုက်သော ကိုတင့်ခိုင်သည်
လက်ဘက်ကို တစ်ဇွန်းပြီးတစ်ဇွန်းစားလေ၏ အဖွားကြီးက ဟဲ့ သူငယ် လက်ဘက်ကွဲ့
ဆရာဝန်လောင်းလေးက ဟုတ်ကဲ့- စားပါတယ်အဖွား
အဖွားကြီးက ဟဲ့သူငယ် လက်ဘက်နော် ... ဟုတ်ကဲ့ - စားပါတယ်အဖွား ဟုဖြစ်နေရာ
သုံးကြိမ်မြောက်တွင် အဖွားကြီးက ဒီသူငယ်လေးနှယ် လက်ဘက်ကိုလက်ဘက်လိုပဲစား
ရတယ် မင်းစားနေတာများလှပြီ၊ ငါကနှမြောလို့ပြောတာမဟုတ်ဘူး - မင်းကို ဘေးဖြစ်မှာ
စိုးလို့ဟုပြောလိုက်ရာ ကျောင်းသူလေးများက ၀ိုင်းရယ်ကြသဖြင့် ဆရာဝန်လောင်းလေး
ဒေါက်တာတင့်ခိုင်မှာ ထိုအိမ်မှထွက်ပြေးခဲ့ရသည်ဆို၏ ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment