တစ်ခါတုန်းကမြို့နယ်ဆရာဝန်ကြီးဒေါက်တာလှဝင်းသည် ဘုတလင်မြို့နယ်ရှိ ရွာကလေးတစ်ရွာသို့ ရောက်သွားလေသည်။ ထိုရွာ၏ကျန်းမာရေးအခြေအနေကို သိချင်သဖြင့် ရွာလူကြီးအားမေးမြန်းကြည့်သည်ဟုဆို၏ ထိုအခါသူကြီးက ကျွန်တော်တို့ရွာကလူတွေ သိတ်ကျန်းမာတယ်ဆရာကြီး ဆယိနှစ်အတွင်းဘယ်သူမှ မသေကြဘူး ဟုပြန်ပြောကာ အဲ ဆယ်နှစ်ဟိုဘက်ကတော့ လူတစ်ယောက်သေဘူးတယ် ဟု ပြောပြလေသည်။
ထိုအခါ ဆရာဝန်ကြီးက အဲဒီလူဘာရောဂါနဲ့သေတာလဲ ဟုမေးလေ၏
ထိုအခါ သူကြီးကပြန်ပြောသည်မှာ ဘာရောဂါမှမရှိပါဘူး အဲဒီလူက ဆရာဝန်လေ၊ ဆေးကုတဲ့သူမရှိလို့ငတ်ပြီးသေသွားတာ ဟူသတည်း။
No comments:
Post a Comment