Friday, May 24, 2013

မုခ်ကျောင်းကြီးဆွမ်းလောင်းပွဲ

နှစ်စဉ်ကျင်းပမြဲဖြစ်သော ကဆုန်လပြည့်နေ့မုခ်ကျောင်းကြီးဆွမ်းလောင်းပွဲတော်ယနေ့ကျင်းပပါသည်။ လာရောက်ဆွမ်းလောင်းလှူကြသူများအား စတုဒီသာ ထမင်းကျွေးဧည့်ခံကြောင်းသိရပါသည်။

Tuesday, January 1, 2013

http://www.accuweather.budalin.com

ဘုတလင်မြို့နယ်တွင် နာမည်ကျော်တွင်းတောင်ရှိလေရကား တက္ကသိုလ်များမှကျောင်းသူကျောင်းသားများ မကြာခဏလာရောက်လေ့လာကြ၏ ကွင်းဆင်းကြ၏ စစ်တမ်းများကောက်ကြ၏ တစ်နေ့သ၌ ရွာတစ်ရွာတွင် ဒေါက်တာမျိုးမင်းဦးဆောင်သော ပထ၀ီဝင်ကျောင်းသားများ ကွင်းဆင်းလေ့လာနေကြ၏ မကြာပါ၊ မိုးကရွာချ၏ ကျောင်းသားများကား နီးရာအိမ်တစ်အိမ်တွင်ခိုနားနေကြရလေသည်။ အသက်80ကျော်နေပြီဖြစ်သော အိမ်ရှင်အဖိုးကြီးက မင်းတို့ပြန်ချင်ရင် အခုပြန်ကြ၊ မိုးကခဏနေရင်တိတ်မယ်၊ နေ့လည် 12နာရီလောက်ကြရင်ပြန်ရွာမှာ အဲဒီမိုးက တစ်နေကုန်ရွာမှာဆိုတော့ မင်းတို့ လမ်းတွေဘာတွေပျက်ကုန်ရင် ဒုက္ခရောက်ကြလိမ့်မယ် ဟု ပြောလိုက်ရာ။ ဒေါက်တာမျိုးမင်းက အဘရယ် ကျွန်တော်ဖြင့်ရာသီဥတုပညာကိုလေ့လာနေတာ ၈နှစ်ကျော်ခဲ့ပါပြီ၊ မိုးးတိတ်မှာရော၊ ပြန်ရွာမှာကိုရော မခန့်မှန်းတတ်ပါဘူး၊ အဘတို့ကတော့ အသက်ကလည်းကြီး၊ အတွေ့အကြုံကလည်းများဆိုတော့ ပိုင်လိုက်တာ။ ဘယ်လိုများသိတာလဲဟု မေးလိုက်ရာ အဘိုးကြီးက - ငါလဲမင်းတို့မလာခင်ကမှ အင်တာနက်က မိုးလေ၀သ ၀က်ဆိုက်ကြည့်ထားတာ” - ဟု ပြန်ဖြေလိုက်လေသည်ဆိုသတည်း။

Monday, December 17, 2012

ရုံးတောသား

ဘုတလင်မြို့နယ်တောင်ပိုင်းရှိ ရုံးတော၊ဇီးတော၊ထနောင်းကုန်းစသည့်ရွာသားများမှာ ခုနစ်(ခွန်)ကို“ခွင်” “ညွန့်” ကို “ညွင့်” စသည်ဖြင့် အသံထွက်လွဲကြပါသည်။ ကိုလွင်သည် အသားမဲသလောက် သဘောအလွန်ဖြူ၏၊ အလွန်စိတ်ရှည်တတ်သည်၊ လူအများကိုလည်းကူညီတတ်သေးရကား လူမှုရေးအသင်းတစ်သင်းတွင် အမှုဆောင်လူကြီးဖြစ်နေသည်မှာ မဆန်းတော့။ အရက်မသောက်၊ဖဲမရိုက်၊ ကွမ်းတောင်မှမ၀ါး။ သို့ရာတွင် သူ့၌ပြောစရာ အားနည်းချက်ဆိုလို့တစ်ခုတော့ရှိသည်။ မိန်းမကို အလွန်နိုင်ခြင်းပင်ဖြစ်၏ ကိုလွင်တို့မိန်းမနိုင်ချက်ကတော့ ရပ်ကွက်ကပင်ပြောယူရသည်အထိ။ တစ်နေ့တွင် ကိုလွင်ကြီးသည် မိန်းမကို ပြော၊ဆို၊အော်ဟစ်နေရာမှ ရိုက်မည်၊နှက်မည်အထိဖြစ်လာရာ- အနီးရှိ အိမ်နားနီးချင်းက ၀င်ဆွဲရလေသည်။ ထိုသူမှာ ရုံးတောသားဖြစ်ရလေသည်နှင့်အမျှ သူပြောလိုက်လေသည်မှာ- “ကိုလွန် လွင်မယ်၊ ကိုလွန် လွင်မယ်” ဟူသတည်း။

Thursday, December 6, 2012

ပြောတာကိုနားထောင်မှပေါ့

စကားထစ်သူတစ်ဦးသည် ရေခဲသေတ္တာအသစ်တစ်လုံးဝယ်လာခဲ့သည်။ ဆိုင်ဝန်ထမ်းက ရေခဲသေတ္တာကို ငါးထပ်တိုက်ပေါ်ထိထမ်းပို့ပေးလေသည်။ လှေခါးတစ်လျှောက်ထမ်းတက်စဉ် စကားထစ်သူက တစ်ခုခုပြောရန်ကြိုးစားသည်။ အလုပ်သမားကနားမထောင်ပဲ ပြန်ပြောသည်။ အပေါ်ရောက်မှ ပြောဗျာ။ အပေါ်ဆုံးထပ်သို့ရောက်လာသည်။ ကိုင်း ဘာပြောချင်လို့လဲ၊ပြော… ကျွန်တော်တို့တို့ ၀င်ဝင်ပေါက်ပေါက်မှားမှားပြီး တက်..တက်..လာ..လာ.. အလုပ်သမားသည် စိတ်ဆိုးမာန်ဆိုးဖြင့် လာလမ်းအတိုင်းထမ်း၍ပြန်ဆင်းရသည်။ အဆင်းတွင် စကားထစ်သူက စကားပြောရန်ကြိုးစားပြန်သည်၊ သို့သော် အောက်ဆုံးထပ်အ၀င်ပေါက်သို့သာ ရောက်လာသည်၊ စကားမပြီးလိုက်၊ ဒီတစ်ခါ ဘာပြောဦးမလို့လဲ ကဲပြော။ ကျွန်..ကျွန်.တော်…တော်.. ခု..ခု..န..န..တုန်း..တုန်..က ခင်…ခင်..ဗျားကို ကျီ…ကျီ…စား..စား..တာပါ လို့လို့ ပြော..ပြော..မ…မ..လို့…လို့…ပါ။

--------၀န်ထမ်း

အမျိုးသမီးတစ်ယောက်သည် အော်ဟစ်အကူအညီတောင်းနေ၏ လုပ်ကြပါဦးရှင်၊ ကျမကလေးပါးစပ်ထဲ ပိုက်ဆံဝင်သွားပြီးတစ်နေလို့ပါ။ ထိုအခါ လူတစ်ယောက်က ကူညီပြီးထုတ်ယူပေးခဲ့ပါတယ်၊ အလွယ်တစ်ကူပဲ ထုတ်ယူနိုင်ခဲ့လို့ အမျိုးသမီးက ကျေးဇူးတင်စကားဆိုပါတယ်။ တော်ပါသေးရဲ့ရှင်၊ အခုလိုအလွယ်တကူနဲ့ထုတ်နိုင်လိုက်လို့၊ နို့မို့ရင်တော့ဒုက္ခပါဘဲ၊ ဒါနဲ့ ဒီကအကိုကဆရာဝန်လားဟင် မဟုတ်ပါဘူးဗျာ၊ ကျွန်တော်ကအခွန်ရုံးက၀န်ထမ်းပါ--ဟူသတတ်။

http://www.accuweather.budalin.com

ဘုတလင်မြို့နယ်တွင် နာမည်ကျော်တွင်းတောင်ရှိလေရကား တက္ကသိုလ်များမှကျောင်းသူကျောင်းသားများ မကြာခဏလာရောက်လေ့လာကြ၏ ကွင်းဆင်းကြ၏ စစ်တမ်းများကောက်ကြ၏ တစ်နေ့သ၌ ရွာတစ်ရွာတွင် ဒေါက်တာမျိုးမင်းဦးဆောင်သော ပထ၀ီဝင်ကျောင်းသားများ ကွင်းဆင်းလေ့လာနေကြ၏ မကြာပါ၊ မိုးကရွာချ၏ ကျောင်းသားများကား နီးရာအိမ်တစ်အိမ်တွင်ခိုနားနေကြရလေသည်။ အသက်80ကျော်နေပြီဖြစ်သော အိမ်ရှင်အဖိုးကြီးက မင်းတို့ပြန်ချင်ရင် အခုပြန်ကြ၊ မိုးကခဏနေရင်တိတ်မယ်၊ နေ့လည် 12နာရီလောက်ကြရင်ပြန်ရွာမှာ အဲဒီမိုးက တစ်နေကုန်ရွာမှာဆိုတော့ မင်းတို့ လမ်းတွေဘာတွေပျက်ကုန်ရင် ဒုက္ခရောက်ကြလိမ့်မယ် ဟု ပြောလိုက်ရာ။ ဒေါက်တာမျိုးမင်းက အဘရယ် ကျွန်တော်ဖြင့်ရာသီဥတုပညာကိုလေ့လာနေတာ ၈နှစ်ကျော်ခဲ့ပါပြီ၊ မိုးးတိတ်မှာရော၊ ပြန်ရွာမှာကိုရော မခန့်မှန်းတတ်ပါဘူး၊ အဘတို့ကတော့ အသက်ကလည်းကြီး၊ အတွေ့အကြုံကလည်းများဆိုတော့ ပိုင်လိုက်တာ။ ဘယ်လိုများသိတာလဲဟု မေးလိုက်ရာ အဘိုးကြီးက - ငါလဲမင်းတို့မလာခင်ကမှ အင်တာနက်က မိုးလေ၀သ ၀က်ဆိုက်ကြည့်ထားတာ- ဟု ပြန်ဖြေလိုက်လေသည်ဆိုသတည်း။

မောင်စံရွှင်အမြည်းကွဲ့

ရှေးအခါက မြို့ပိုင်ကြီးတစ်ဦးသည် သူ၏တပည့်ပျာတာလုပ်သူမောင်စံရွှင်ကို ခရီးထွက်တိုင်း ခေါ်သွားလေ၏ ကျေးရွာများသို့ရောက်လျှင် သူကြီးများက ထုံးစံအတိုင်း မြို့ပိုင်ကြီးကို ဧည့်ခံကြရလေရာ မောင်စံရွှင်နှင့်အတူစားသောက်ကြရ၏ အရက်ဝိုင်းတွင် မောင်စံရွှင်က အမြည်းကိုလှိမ့်စားလေရာ မြို့ပိုင်ကြီးက မောင်စံရွှင် အမြည်းကွဲ့ ဟုသတိပေးသောအခါ သူက ဟုတ်ကဲ့မြို့ပိုင်ကြီးစားပါတယ်၊ ဟု ပြန်ပြောလေရာ မြို့ပိုင်က ဟဲ့မအေ... အမြည်းကို အမြည်းလိုစားဖို့မင်းကိုသတိပေးနေတာ ငတ်သလောက်စားနေလို့သတိပေးနေတာ ဟု ပြောသည်ကို ကြားဖူးပါသည်။ ဘုတလင်မြို့တွင် တာဝန်ကျခဲ့သော ဒေါက်တာတင့်ခိုင်သည် ဆေးကျောင်းသားဘ၀ ကျရာဒေသများသို့ ကွင်းဆင်းရာ မြင်းမူမြို့အနီးအလ္လကပရွာတွင်ကွင်းဆင်းခဲ့ရသည်ဆို၏ ထိုရွာအတွင်း လှည့်လည်သွားရောက်လုပ်ကိုင်ရာ အိမ်တစ်အိမ်အရောက် အိမ်ရှင်အဖွား ကြီးက လက်ဘက်သုတ်ဖြင့်ဧည့်ခံလေ၏ လက်ဘက်အလွန်ကြိုက်သော ကိုတင့်ခိုင်သည် လက်ဘက်ကို တစ်ဇွန်းပြီးတစ်ဇွန်းစားလေ၏ အဖွားကြီးက ဟဲ့ သူငယ် လက်ဘက်ကွဲ့ ဆရာဝန်လောင်းလေးက ဟုတ်ကဲ့- စားပါတယ်အဖွား အဖွားကြီးက ဟဲ့သူငယ် လက်ဘက်နော် ... ဟုတ်ကဲ့ - စားပါတယ်အဖွား ဟုဖြစ်နေရာ သုံးကြိမ်မြောက်တွင် အဖွားကြီးက ဒီသူငယ်လေးနှယ် လက်ဘက်ကိုလက်ဘက်လိုပဲစား ရတယ် မင်းစားနေတာများလှပြီ၊ ငါကနှမြောလို့ပြောတာမဟုတ်ဘူး - မင်းကို ဘေးဖြစ်မှာ စိုးလို့ဟုပြောလိုက်ရာ ကျောင်းသူလေးများက ၀ိုင်းရယ်ကြသဖြင့် ဆရာဝန်လောင်းလေး ဒေါက်တာတင့်ခိုင်မှာ ထိုအိမ်မှထွက်ပြေးခဲ့ရသည်ဆို၏ ..